30 ထို့နောက် ထောင်မှူးသည် သူရို့ကို အပြင်သို့ ခေါ်ထုတ်လာပြီးလျှင် "ဆရာရို့၊ အကျွန်သည် ကယ်တင်ခြင်းရရန် ဇာလုပ်ရပါဖို့လဲ" ဟု မိန်းလျှောက်၏။
31 ထိုအခါ သူရို့က "အသျှင်ယေသျှုကို ယုံကြည်လော့။ ထိုသို့ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူ အိမ်သားတိသည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်" ဟု ပြော၏။