ကောရိန္သုမြို့၌ အမှုတော်ဆောင်ခြင်း
1 ထို့နောက် ပေါလုသည် အေသင်မြို့မှ ထွက်ခွာ၍ ကောရိန္သုမြို့သို့ ရောက်၏။ 2 ထိုအခါ ကလောဒိမင်းက ယုဒလူမျိုးတိအားလုံး ရောမမြို့မှ ထွက်လားရမည်ဟု အမိန့်တော်ထုတ်လိုက်သောကြောင့် မိမိမယား ပြစ်ကိလနှင့်အတူ ဣတလိပြည်မှ မကြာခင်က ထွက်ခွာလာခသော ပုန္တုပြည်သား အာကုလ ဟုခေါ်သည့် ယုဒလူမျိုးတစ်ယောက်နှင့် သူသည် တွိ့ဆုံလေ၏။ ပေါလုသည် သူရို့နှင့်တွိ့ဆုံရန် သူရို့ပါးသို့ လားလေ၏၊ 3 အကြောင်းမူကား သူသည် တဲရှင်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိမိ၏အသက်မွီးဝမ်းကျောင်းအတွက် ဝင်ငွီရှာသူဖြစ်၍ အလုပ်ချင်း တူသောကြောင့် သူရို့နှင့်အတူ နီထိုင်ကာ အလုပ်လုပ်လေ၏။