သန့်ယှင်းသောဝိညာဉ်တော် ဆင်းသက်တော်မူခြင်း
1 ပင်တေကုတ္တေပွဲတော်နိ့ ရောက်သောအခါ ယုံကြည်သူအပေါင်းရို့သည် တစ်နီရာတည်းတွင် စုရုံးနိန်ကြ၏။ 4 ထိုအခါ ထိုသူအပေါင်းရို့သည် သန့်ယှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝပြီးလျှင် ဝိညာဉ်တော်သည် ထိုသူရို့အား အခွင့်ပီးသောကြောင့် အခြားသော ဘာသာစကားများဖြင့် စတင်၍ ပြောဆိုကြ၏။