ပေတရု၏ ဟောပြောချက်
14 ထို့နောက် ပေတရုသည် တစ်ကျိပ်တစ်ပါးသော တမန်တော်ရို့နှင့်အတူ ရပ်လျက် ကျယ်သောအသံဖြင့် လူအစုအဝေးကြီးအား ပြောဆိုသည်မှာ "ယုဒအမျိုးသားရို့နှင့် ယေရုဆလင်မြို့၌ နီထိုင်သူအပေါင်းရို့၊ ငါ့စကားကို နားထောင်ကြလော့။ ဤအမှုအရာတိကို ငါယှင်းပြပါမည်။ 15 အဂုအချိန်ကား မိုးထဖက် ကိုးချက်တီးအချိန်သာ ဟိသိမ့်သည်ဖြစ်၍ သင်ရို့ထင်သည်အတိုင်း ဤသူရို့သည် ယစ်မူးနိန်ကြသည် မဟုတ်။ 16 ဤအရာသည် ပရောဖက်ယောလ ဟောပြောခသောအရာ အမှန်ပင်ဖြစ်၏။ ဟောပြောသော အကြောင်းအရာမူကား၊
17 " ‘ဘုရားသခင် မိန့်တော်မူသည်ကား နောက်ဆုံးသောနိ့တွင်၊
ငါသည် လူအပေါင်းရို့အထက်၌ ငါ့ဝိညာဉ်တော်ကို သွန်းလောင်းမည်။
သင်ရို့၏ သားသမီးရို့သည် ငါ့နှုတ်ကပါတ်တရားတော်ကို ဟောပြောကြလိမ့်မည်။
သင်ရို့၏ လူငယ်တိ ဗျာဒိတ်ရူပါရုံကို ရကြပြီးလျှင်၊
သင်ရို့၏ လူအိုတိလည်း အိပ်မက်တိကို မြင်မက်ရကြလိမ့်မည်။