17 " ‘ဘုရားသခင် မိန့်တော်မူသည်ကား နောက်ဆုံးသောနိ့တွင်၊
ငါသည် လူအပေါင်းရို့အထက်၌ ငါ့ဝိညာဉ်တော်ကို သွန်းလောင်းမည်။
သင်ရို့၏ သားသမီးရို့သည် ငါ့နှုတ်ကပါတ်တရားတော်ကို ဟောပြောကြလိမ့်မည်။
သင်ရို့၏ လူငယ်တိ ဗျာဒိတ်ရူပါရုံကို ရကြပြီးလျှင်၊
သင်ရို့၏ လူအိုတိလည်း အိပ်မက်တိကို မြင်မက်ရကြလိမ့်မည်။
18 ထိုနိ့ရက်၌ ငါ၏အခိုင်းအစီ ယောက်ျားနှင့် မိန်းမတိအထက်၌
ငါ့ဝိညာဉ်တော်ကို သွန်းလောင်းပြီးလျှင်၊
သူရို့သည် ပရောဖက်ဉာဏ်ဖြင့် ဟောပြောကြလိမ့်မည်။