41 ထိုအခါ ပေတရု၏စကားကို လက်ခံယုံကြည်သော များစွာသော သူရို့သည် ဗတ္တိဇံကိုခံယူကြသဖြင့် ထိုနိ့၌ လူပေါင်း ��,������ ခန့် တိုးပွားလေ၏။ 42 ထိုသူရို့သည် တမန်တော်ရို့၏ သွန်သင်ခြင်းကိုခံယူခြင်း၊ မိတ်ဖွဲ့ခြင်း၊ မုန့်ဖဲ့ခြင်း၊ ဆုတောင်းခြင်းများဖြင့် အချိန်ကုန်လွန်စီကြ၏။
ယုံကြည်သူရို့၏ အသက်ရှင်လှုပ်ယှားမှု
43 တမန်တော်ရို့သည် များစွာသော အံ့ဩဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြကြသဖြင့် လူတိုင်းက အလွန်ကြောက်လန့်ကြကုန်၏။ 44 ၂.၄၄ တ ၄.၃၂–၃၅ယုံကြည်သူ အားလုံးသည် အတူတကွ မိတ်ဖွဲ့နီထိုင်ကြ၍ မိမိဥစ္စာပစ္စည်းများကို အချင်းချင်း ဝီမျှသုံးဆောင်ကြလေ၏။ 45 သူရို့သည် မိမိဥစ္စာများနှင့် ပိုင်ဆိုင်မှုများကိုရောင်းချ၍ ရဟိသောငွီများကို တစ်ဦးချင်း လိုအပ်မှုဟိသည်အတိုင်း ဝီမျှကြ၏။ 46 သူရို့သည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်၌ စုဝေးကြပြီးလျှင် သူရို့၏အိမ်များတွင် မုန့်ကိုဖဲ့လျက် စေတနာစိတ်နှင့် ဝမ်းမြောက်စွာ အတူတကွ အစားအစာများကို သုံးဆောင်ကြကာ၊ 47 ဘုရားသခင်ကိုလည်း ချီးမွမ်းပြီးလျှင် လူအပေါင်းရို့ရှိ့တွင် မျက်နှာပွင့်လန်းလျက် ဟိကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသူရို့၏ အရီအတွက်ကို နိ့စဉ်နှင့်အမျှ တိုးပွားစီတော်မူ၏။