3 ၂၂.၃ တ ၅.၃၄–၃၉ "ငါသည် ကိလိကိပြည်၊ တာယှုမြို့တွင် မွီးဖွားသော ယုဒလူမျိုးဖြစ်ပါ၏။ ယေရုဆလင်မြို့တွင် ကြီးပြင်းလာ၍ ဂါမလျေလထံတွင် ပညာဆည်းပူးလာသူ တစ်ယောက်ဖြစ်ပြီး ငါရို့ အဖိုးအဖီးရို့၏ နည်းဥပဒေသကို တိကျစွာ ခံယူလာသောသူ တစ်ယောက်ဖြစ်ပါ၏။ ဤနိ့ ဤနီရာ၌ ဟိသော လူအားလုံးကဲ့သို့ ဘုရားသခင်၏ အမှုတော်ဖက်၌ စိတ်အားကြီးသော သူဖြစ်ပါ၏။