19 သို့ရာတွင် ပေတရုနှင့် ယောဟန်ရို့က "ဘုရားသခင်၏ စကားတော်ထက် သင်ရို့၏ စကားကို နားခံခြင်းသည် ဘုရားသခင်၏ ရှိ့တော်မှောက်၌ မှန်သလော ဆိုသည်ကို သင်ရို့ကိုယ်တိုင် စီရင်ပီးကြလော။ 20 ငါရို့ကား ငါရို့ကိုယ်တိုင် ကြားရ၊ မြင်ရသည့် အမှုအရာတိကို မဟောပြောဘဲ မနိန်နိုင်" ဟု ပြန်ပြောကြ၏။
Publicidade