42 ထို့ကြောင့် ဘုရားသခင်သည် သူရို့ကို မျက်နှာလွှဲတော်မူ၍ ကောင်းကင်မှ ကြယ်တိကို ကိုးကွယ်စီရန် စွန့်ပစ်ထားတော်မူ၏။ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ပရောဖက်ကျမ်းစာ၌ ရီးသားထားသည်ကား၊
" ‘ဣသရေလအမျိုးရို့၊ သင်ရို့သည် တောကန္တာရ၌၊
အနှစ်လေးဆယ်ပတ်လုံး ယဇ်ကောင်တိကို သတ်၍ ပူဇော်ခကြ၏။
ထိုပူဇော်ခြင်းသည်ကား ငါ့ကို ပူဇော်သည် မဟုတ်။
43 သင်ရို့ သယ်ဆောင်လားသော မောလုတ်ဘုရား၏ တဲတော်နှင့်၊
သင်ရို့၏ ရင်ဖန်ဘုရား၏ ကြယ်ရုပ်တုဖြစ်၏။
ထိုအရာတိသည် သင်ရို့ ဝတ်ပြုကိုးကွယ်ဖို့ ပြုလုပ်ထားသော ရုပ်တုတိသာဖြစ်ကြ၏။
ထို့ကြောင့် ငါသည် သင်ရို့ကို ဗာဗုလုန်မြို့ ကျော်လွန်အောင် ပြည်နှင်ဒဏ် ပီးလိမ့်မည်။’