18 သျှိမုန်သည် တမန်တော်ရို့၏ လက်တင်ခြင်းကို ခံရခြင်းအားဖြင့် ထိုသူရို့သည် ဝိညာဉ်တော်ကို ခံယူရဟိကြောင်းကို မြင်သောအခါ သူသည် တမန်တော်ရို့အား ငွီကို ယူလာ၍၊ 19 "ဇာသူ့ကိုမဆို အကျွန်၏ လက်ကိုတင်လိုက်သောအခါ ထိုသူရို့၌ သန့်ယှင်းသောဝိညာဉ်တော်ကို ရစီခြင်းငှာ အကျွန်အား တန်ခိုးကို ပီးပါ" ဟု ဆိုလေ၏။
20 ပေတရုကလည်း "ဘုရားသခင်၏ ဆုကျေးဇူးတော်ကို ငွီနှင့် ဝယ်ယူရန် စိတ်အကြံဟိသောကြောင့် သင်၏ငွီသည် သင်နှင့်အတူ ပျက်စီးပါစီ။ 21 ဘုရားသခင်ရှိ့တော်၌ သင်၏စိတ်ထား မမှန်ကန်သောကြောင့် ငါရို့၏ အပေါင်းအပါလည်းမဖြစ်နိုင်။ ငါရို့၏အလုပ်၌လည်း မပါဝင်နိုင်။ 22 ထို့ကြောင့် သင်၏ ဆိုးညစ်မှုအတွက် နောင်တရပြီးလျှင် သင်၏စိတ်နှလုံးထဲ၌ ထိုသို့ ကြံစည်သဖြင့် ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ သခင်ဘုရားထံပါး၌ ဆုတောင်းလော့။ 23 သင်သည် မနာလိုမုန်းတီးစိတ်မွန်းပြီးလျှင် ဒုစရိုက်အပြစ်၏ ကျွန်တစ်ယောက်ဖြစ်သည်ကို ငါမြင်သည်" ဟု ဆို၏။
24 သျှိမုန်ကလည်း ပေတရုနှင့် ယောဟန်အား၊ "သင်ရို့ပြောသော အမှုအရာတိ အကျွန်၌ မဖြစ်လာစီရန် အကျွန့်အတွက် သခင်ဘုရားထံ ဆုတောင်းပီးကြပါ" ဟု ဆိုလေ၏။