13 ၃.၁၃ ဧ ၄.၃၂သင်ရို့အချင်းချင်း အပြစ်တင်စရာဟိလျှင် သည်းခံလျက် ခွင့်ရွှတ်ကြလော့။ သခင်ဘုရားသည် သင်ရို့ကို ခွင့်ရွှတ်ပီးသည့်နည်းတူ သင်ရို့သည်လည်း အချင်းချင်း ခွင့်ရွှတ်ကြလော့။ 14 ဤသူတော်ကောင်းတရားများ၌ ချစ်ခြင်းမေတ္တာကို ထပ်ဆင့်၍ ဝတ်ဆင်ကြလော့။ ချစ်ခြင်းမေတ္တာသည် ထိုတရားတော်မြတ်များကို တစ်လုံးတစ်ဝတည်း ပြည့်ဝစုံလင်စီ၏။
Publicidade