14 ဤသူတော်ကောင်းတရားများ၌ ချစ်ခြင်းမေတ္တာကို ထပ်ဆင့်၍ ဝတ်ဆင်ကြလော့။ ချစ်ခြင်းမေတ္တာသည် ထိုတရားတော်မြတ်များကို တစ်လုံးတစ်ဝတည်း ပြည့်ဝစုံလင်စီ၏။ 15 သင်ရို့၏ စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးပါစီ။ အကြောင်းမူကား ဤငြိမ်သက်ခြင်းအတွက် ခန္ဓာတစ်ခုထဲသို့ သင်ရို့ကို ခေါ်ယူထားတော်မူ၏။ သို့ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။