9 ၃.၉ ဧ ၄.၂၂ အချင်းချင်း လိမ်လည်၍ မပြောဆိုကတ်ကေ့။ အကြောင်းမူကား သင်ရို့သည် လူဟောင်းနှင့်အတူ လူဟောင်း၏အကျင့်တိကို ချွတ်ပယ်ကာ၊ 10 ၃.၁၀ ဧ ၄.၂၄ဖန်ဆင်းတော်မူသောအသျှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ အသိပညာအားဖြင့် အသစ်ပျင်ဆင်ထားသော လူသစ်ကို ဝတ်ဆင်ထားသောသူ ဖြစ်ကြ၏။ 11 ထို့သို့ ဖန်ဆင်းပြုပျင်ရာ၌ တခြားလူမျိုးတိနှင့် ယုဒလူမျိုးတိ၊ အရီဖျားလှီးထားသောသူနှင့် အရီဖျားမလှီးထားသောသူ၊ မယဉ်ကျေးသောသူ၊ လူရိုင်းများ၊ ကျွန်များနှင့် ကျွန် မဟုတ်သောသူ ဟူ၍မဟိ။ ခရစ်တော်သည် အလုံးစုံ၌ ဟိတော်မူ၍ အလုံးစုံ ဖြစ်တော်မူ၏။