3 အမှန်စင်စစ် ငါရို့သည် ထိုသူရို့ကဲ့သို့ ဇာတိ၏အလိုသို့ လိုက်လျက်၊ ကိုယ်ကာယ၏ အလိုနှင့် စိတ်၏အလိုအတိုင်း ကျင့်ခကြ၏။ ငါရို့သည် ဇာတိသဘောအတိုင်း အခြားသူများနည်းတူ ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သောသူတိ ဖြစ်ခကြ၏။
4 သို့သော် ဘုရားသခင်၏ ကရုဏာတော်သည် အလွန်ကြွယ်ဝ၍၊ မေတ္တာတော်သည် ငါရို့အဖို့ အလွန် ကြီးမားလှသဖြင့်၊ 5 မနာခံမှုကြောင့် အပြစ်တရား၌ သီလျက်ဟိသော ငါရို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စီတော်မူ၏။ ထိုအရာကား သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ခံထားရသောကြောင့် ဖြစ်၏။