ကိုယ်ခန္ဓာတစ်ခု၌ စည်းလုံးမှု
1 သို့ဖြစ်၍ သင်ရို့သည် ဘုရားသခင်၏ ခေါ်တော်မူခြင်း နှင့်ထိုက်တန်သော အကျင့်ဖြင့် အသက်ရှင်နီထိုင်ကြရန် သခင်ဘုရားအတွက် အကျဉ်းခံရသော သူတစ်ယောက်အဖြစ်ဖြင့် ငါသည် သင်ရို့အား နှိုးဆော်တိုက်တွန်းပါ၏။ 2 ၄.၂ ကော ၃.၁၂,၁၃စိတ်နှလုံးနှိမ့်ချခြင်း၊ နူးညံ့သိမ်မွိ့ခြင်းနှင့် စိတ်ရှည်ခြင်းတိကို အစဉ်မပြတ်ဟိကြလော့။ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းအားဖြင့် မေတ္တာပြကြလော့။