19 ၅.၁၉,၂၀ ကော ၃.၁၆,၁၇ဆာလံတေးခြင်း၊ ဓမ္မတေးခြင်းနှင့် ဝိညာဉ်ရေးဆိုင်ရာ တေးခြင်းများကို အချင်းချင်း သီဆိုပြောဆိုကြ၍၊ စိတ်နှလုံးထဲ၌ သခင်ဘုရားအား ချီးမွမ်းထောမနာပြုလျက် ဓမ္မတေးခြင်းများနှင့် ဆာလံတေးခြင်းများကို သီဆိုကြလော့။ 20 ငါရို့ အသျှင်ယေသျှုခရစ်၏ နာမတော်ကို အမှီပြု၍ ခပ်သိမ်းသောအရာများအဖို့ အဖဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြလော့။
လင်နှင့် မယား
21 ခရစ်တော်ကို ရိုသီလေးစားသောအားဖြင့် သင်ရို့အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် နှိမ့်ချကြလော့။