22 ၅.၂၂ ကော ၃.၁၈; ၁ ပေ ၃.၁ မယားဖြစ်သူရို့၊ သင်ရို့သည် သခင်ဘုရား၏ အုပ်စိုးခြင်းကို ခံယူသကဲ့သို့ မိမိ၏ လင်ယောက်ျားရို့ အုပ်စိုးခြင်းကို ခံယူကြလော့။ 23 အကြောင်းမူကား ခရစ်တော်သည် အသင်းတော်၏ ဦးဂေါင်းဖြစ်သကဲ့သို့ လင်ယောက်ျားသည် မိမိမယား၏ ဦးဂေါင်း ဖြစ်စီလော့။ ခရစ်တော်သည် မိမိ၏ကိုယ်ခန္ဓာဖြစ် သော အသင်းတော်ကို ကယ်တင်သောအသျှင် ဖြစ်တော်မူ၏။