25 ၅.၂၅ ကော ၃.၁၉; ၁ ပေ ၃.၇ လင်ယောက်ျားရို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အဖို့ မိမိအသက်ကို စွန့်တော်မူသကဲ့သို့ သင်ရို့၏ မယားတိကို ချစ်ကြလော့။ 26 ကိုယ်တော်သည် ဤသို့ မိမိအသက်ကို စွန့်တော်မူသည်မှာ ထိုအသင်းတော်ကို ရီ၌ ဆီးကြောခြင်းဖြင့် သန့်ယှင်းစီပြီးမှ နှုတ်ကပတ်တော်ဖြင့် ဘုရားသခင်အား ဆက်ကပ်တော်မူ၏။ 27 ထိုသို့ အသင်းတော်ကို မိမိအား ဆက်သတော်မူရာ၌ အညစ်အကြေး တင်ခြင်း၊ အစွန်းအကွက် ဖြစ်ခြင်း၊ အရီရှုံ့ခြင်း မဟိဘဲ သန့်ယှင်းပြီး အပြစ်ကင်းစင်လျက် ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံစီရန် ဖြစ်၏။