26 ကိုယ်တော်သည် ဤသို့ မိမိအသက်ကို စွန့်တော်မူသည်မှာ ထိုအသင်းတော်ကို ရီ၌ ဆီးကြောခြင်းဖြင့် သန့်ယှင်းစီပြီးမှ နှုတ်ကပတ်တော်ဖြင့် ဘုရားသခင်အား ဆက်ကပ်တော်မူ၏။ 27 ထိုသို့ အသင်းတော်ကို မိမိအား ဆက်သတော်မူရာ၌ အညစ်အကြေး တင်ခြင်း၊ အစွန်းအကွက် ဖြစ်ခြင်း၊ အရီရှုံ့ခြင်း မဟိဘဲ သန့်ယှင်းပြီး အပြစ်ကင်းစင်လျက် ဘုန်းတန်ခိုးတော်နှင့် ပြည့်စုံစီရန် ဖြစ်၏။