8 အယင်က သင်ရို့သည် မှောင်မိုက်၌ နီထိုင်ခကြ၏။ သို့သော် အဂုမူကား သခင်ဘုရား၏ လူတိ ဖြစ်လာကြသောကြောင့် အလင်းသို့ ရောက်ကြရ၏။ ထို့ကြောင့် အလင်း၏ သားသမီးကဲ့သို့ ကျင့်ကြံပြုမူကြလော့။ 9 အကြောင်းမူကား အလင်း၅.၉ အလင်း၊ တချို့သော လက်ရီးမူရင်းကျမ်းများတွင် ဝိညာဉ်တော်၊ ဟူ၍ ပါဟိသည်။သည် ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတည်းဟူသော ကောင်းမြတ်သောအရာများကို ဖြစ်ပွားစီတော်မူ၏။ 10 သခင်ဘုရား နှစ်သက်တော်မူသောအရာသည် ဇာအရာဖြစ်သည်ကို ကြိုးစား၍ သင်ယူကြလော့။