9 သင်ရို့အဖို့ ငါ၏ဆုတောင်းသောအရာမူကား၊ သင်ရို့၏ ချစ်ခြင်းမေတ္တာသည် မှန်သောအသိပညာ၊ ပိုင်းခြားဝေဖန်တတ်သော စွမ်းရည်တိ၌ တိုးလာကြစီရန်ပင်ဖြစ်၏။ 10 သို့မှသာ သင်ရို့သည် ခရစ်တော်ကြွလာတော်မူသော နိ့ရက်၌ အပြစ်ဆိုဖွယ်ရာ မဟိဘဲ မသန့်ယှင်းခြင်းနှင့် ကင်းစင်လိမ့်မည်။