တစ်ခုတည်းသော သတင်းကောင်း
6 ခရစ်တော်၏ ကျေးဇူးတော်အားဖြင့်၁.၆ ခရစ်တော်၏ ကျေးဇူးတော်အားဖြင့်၊ တချို့သော လက်ရီးမူကျမ်းများတွင် သူ၏ ကျေးဇူးတော်အားဖြင့်၊ ဟု ဖော်ပြထားသည်။ သင်ရို့အား ခေါ်ယူတော်မူသော အသျှင်ကို သင်ရို့သည် ဤမျှလောက် စောလျင်စွာ စွန့်ခွါ၍ အခြားသော သတင်းကောင်းကို နာယူလျက်ဟိသဖြင့် ငါသည် အလွန်အံ့သြ၏။ 7 အမှန်ဆိုသော် "အခြားသော သတင်းကောင်း" ဟူ၍မဟိ။ သို့ရာတွင် လူတချို့သည် သင်ရို့ကို အနှောက်အယှက်ဖြစ်စီပြီး ခရစ်တော်၏ သတင်းကောင်းကို မှောက်လှန်လိုခြင်းငှာ ကြိုးစားနိန်ခြင်းသာ ဖြစ်သည်ဟု ငါပြောဆို၏။ 8 သို့သော်လည်း ငါရို့ဖြစ်စီ၊ ကောင်းကင်ဘုံမှ ကောင်းကင်တမန်ဖြစ်စီ သင်ရို့အား ငါရို့ဟောပြောခသည့် သတင်းကောင်းနှင့် ကွဲပြားခြားနားသည့် အခြားသော သတင်းကောင်းကို ဟောပြောလျှင် ထိုသူရို့သည် ဘုရားသခင်၏ ကျိန်ခြင်းကိုခံစီ။ 9 အယင်က ငါရို့ ပြောခသည့်အတိုင်း အဂုလည်း ထပ်၍ ငါပြောဆို၏။ အကယ်၍ ဇာသူမဆို သင်ရို့လက်ခံခပြီးဖြစ်သည့် သတင်းကောင်းနှင့် ကွဲပြားခြားနားသည့်အရာကို ဟောပြောလျှင် ထိုသူသည် ဘုရားသခင်၏ ကျိန်ခြင်းကို ခံစီ။