16 အဂုတွင် ဘုရားသခင်ပြုတော်မူသော သူ၏ ကတိတော်သည် အာဗြဟံနှင့် သူ၏ သားစဉ်မြီးဆက်အတွက်သာ ဖြစ်၏။ သားသမီးဆိုသောစကားသည် လူအများကိုရည်စူး၍ "သားစဉ်မြီးဆက်များ" ဟု ကျမ်းစာ၌ ပြောလိုခြင်း မဟုတ်ဘဲ၊ တစ်ယောက်သောသူကိုသာ ရည်စူး၍ "သားစဉ်မြီးဆက်" ဟု ဆိုပေ၏။ ထိုသို့ ရည်စူးခြင်းကို ခံရသောသူကား ခရစ်တော်ပင် ဖြစ်၏။