4 သို့ရာတွင် နောက်ဆုံး၌ အချိန်တန်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကို စီရွှတ်တော်မူ၏။ ထိုသားတော်သည် လူမိခင်မှ မွီးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။ 5 ၄.၅–၇ ရော ၈.၁၅–၁၇ထိုသူသည်ကား ပညတ်တရားအောက်၌ဟိသော ငါရို့ကို ရွီးနုတ်တော်မူပြီး ဘုရားသခင်၏ သားသမီးများဖြစ်လာကြရန် ဖြစ်၏။
6 သင်ရို့သည်၄.၆ သင်ရို့သည်၊ သို့မဟုတ် ဇာကြောင့်ဆိုသော် သင်သည်။ ဘုရားသခင်၏ သား၊ သမီးတိဖြစ်ကြောင်း သက်သီပြရန် ဘုရားသခင်သည် "အဗ္ဗ၊ ငါ့ အဖ" ဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်ကို ငါရို့၏ စိတ်နှလုံးထဲသို့ စီရွှတ်တော်မူ၏။ 7 သို့ဖြစ်၍ သင်ရို့သည် ကျွန် မဟုတ်ဘဲ သား၊ သမီးတိ ဖြစ်ကြ၏။ ထိုသို့ သင်ရို့သည် ဘုရားသခင်၏ သား၊ သမီးတိဖြစ်သဖြင့် သင်ရို့ခံစားထိုက်သော အမွီအားလုံးကို ဘုရားသခင်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။