ဝိညာဉ်တော်နှင့် လူ့ဇာတိသဘော
16 ငါဆိုသည်ကား ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလော့။ သို့ပြုလျှင် လူ့ဇာတိအလိုသို့ မလိုက်ဘဲနိန်လိမ့်မည်။ 17 ၅.၁၇ ရော ၇.၁၅–၂၃အကြောင်းမူကား လူ့ဇာတိ၏အလိုသည် ဝိညာဉ်တော်၏အလိုနှင့် ဆန့်ကျင်လျက် ဟိ၏။ ထို့အပြင် ဝိညာဉ်တော်၏အလိုသည်လည်း လူ့ဇာတိ၏အလိုနှင့် ဆန်ကျင်လျက် ဟိ၏။ ထိုနှစ်ပါးရို့သည် ရန်သူများဖြစ်သဖြင့် သင်ရို့သည် မိမိအလိုဆန္ဒ ဟိသည့်အတိုင်း မပြုနိုင်ကတ်။