အချင်းချင်း ဝန်များကို ကူညီထမ်းရွက်ခြင်း
1 ညီအစ်ကိုမောင်နှမရို့၊ လူတစ်ယောက်သည် မကောင်းမှု တစ်စုံတစ်ခု ပြုသည်ကို သင်ရို့တွိ့မိလျှင် ဝိညာဉ်သဘောဟိသော သင်ရို့က နူးညံ့သိမ်မွေ့စွာဖြင့် ထိုသူကို ပြုပျင်ပီးရမည်။ သင်ရို့ကိုယ်တိုင်လည်း စုံစမ်းသွီးဆောင်ရာသို့ မလိုက်ပါမိစီရန် သတိပြုကြလော့။ 2 သင်ရို့သည် အချင်းချင်း၏ ဝန်များကို ကူညီထမ်းရွက်သောအားဖြင့် ခရစ်တော်၏ ပညတ်တော်ကို နာခံကြလော့။၆.၂ နာခံကြလော့၊ တချို့သော လက်ရီးမူကျမ်းများတွင် နာခံသည်၊ ဟု ဖော်ပြထားသည်။