35 ထို့ကြောင့် သင်ရို့၏ရဲရင့်ခြင်းကို မဆုံးယှုံးစီကတ်ကေ့။ ထိုရဲရင့်ခြင်းသည်ကား ကြီးမြတ်သောအကျိုးကျေးဇူးကို ပီးတတ်၏။ 36 သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ပြီးသောအခါ ကိုယ်တော်၏ကတိတော်အတိုင်း အကျိုးကို ခံစားရခြင်းငှာ မဆုတ်မနစ် ကြိုးစားအားထုတ်ရန် လိုအပ်၏။