ငါရို့၏အဖ ဘုရားသခင်
1 ထို့ကြောင့် ဤလောက်များသော သက်သီများသည် ငါရို့အား ဝိုင်းရံလျက်ဟိကြသည်ဖြစ်၍ ငါရို့၌ အနှောင့်အယှက်ဖြစ်စီသော အရာဟူသမျှကိုလည်းကောင်း၊ မိမိရို့၌ ငြိတွယ်နိန်သည့် အပြစ်များကိုလည်းကောင်း ဖယ်ယှား၍ ငါရို့ရှိ့၌ ထားသောပန်းဖူးတိုင်သို့ ရောက်ခြင်းငှာ လုံ့လစိုက်၍ ဗြီးကြကုန်အံ့။ 2 ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။