4 အိမ်မည်သည်ကား တည်ဆောက်သောသူ တစ်ဦး ကြောင့်ဖြစ်၏။ သို့ရာတွင် အရာခပ်သိမ်းကို တည်ဆောက်သောသူသည် ဘုရားသခင်ဖြစ်၏။ 5 မောသျှေသည် နောင်အခါ၌ ဘုရားသခင်ဟောကြားမည့် အရာများကို သက်သီခံလျက် ဘုရားသခင်၏အိမ်တော်၌ အစီခံတစ်ယောက်အဖြစ်ဖြင့် သစ္စာဟိတော်မူခ၏။ 6 သို့ရာတွင် ယေသျှုသည် ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးရသော သားတော်အဖြစ်ဖြင့် သစ္စာဟိတော်မူ၏။ ငါရို့သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံလျက်၊ ငါရို့၏မျှော်လင့်သောအရာ၌ တည်နိန်ကြလျှင် ကိုယ်တော်၏အိမ်တော်ပင်ဖြစ်ကြ၏။