5 မောသျှေသည် နောင်အခါ၌ ဘုရားသခင်ဟောကြားမည့် အရာများကို သက်သီခံလျက် ဘုရားသခင်၏အိမ်တော်၌ အစီခံတစ်ယောက်အဖြစ်ဖြင့် သစ္စာဟိတော်မူခ၏။ 6 သို့ရာတွင် ယေသျှုသည် ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးရသော သားတော်အဖြစ်ဖြင့် သစ္စာဟိတော်မူ၏။ ငါရို့သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံလျက်၊ ငါရို့၏မျှော်လင့်သောအရာ၌ တည်နိန်ကြလျှင် ကိုယ်တော်၏အိမ်တော်ပင်ဖြစ်ကြ၏။