14 မှန်လျှင် ခရစ်တော်၏အသွီးတော်သည် မည်မျှလောက်ထိ စင်ကြယ်ခြင်းသို့ ရောက်ကြပါမည်နည်း။ ခရစ်တော်သည် ထာဝရဝိညာဉ်တော်အားဖြင့် ပြည့်စုံသော ပူဇော်သကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်အား ပူဇော်ပီးခ၏။ ကိုယ်တော်၏အသွီးတော်သည် သီခြင်းတရားနှင့်ဆိုင်သော အကျင့်များမှ ငါရို့၏စိတ်ဝိညဉ်ကို သန့်ယှင်းစီလိမ့်မည်။ အကြောင်းမူကား ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိုင်ကြစီရန် ဖြစ်၏။
15 ထို့ကြောင့် ခရစ်တော်သည် အသစ်သောပဋိညာဉ်ကို ပျင်ဆင်တော်မူသော ကြားဝင်စိ့စပ်ပီးသူ ဖြစ်၏။ အကြောင်းမူကား ဘုရားသခင်သည် မိမိခေါ်ထားတော်မူသော သူရို့အား ကတိပီးထားတော်မူသည့် ထာဝရကောင်းကြီးမင်္ဂလာများကို ရကြစီခြင်းငှာ ဖြစ်၏။ ပထမပဋိညာဉ်တရား အောက်၌ ပြစ်မှားမိခသော လူတိကို အပြစ်မှ လွတ်မြောက်ရန် ကိုယ်တော်သည် အသီခံ ပီးတော်မူခ၏။