27 လူသည် တစ်ခါတည်းသာ သီဆုံး၍၊ တရားစီရင်ခြင်းကို ခံရသကဲ့သို့ 28 ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက် မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။