20 သို့ရာတွင် အဆွီရို့၊ သင်ရို့သည် မိမိရို့၏ အလွန်သန့်ယှင်းသော ယုံကြည်ခြင်း၌ မိမိကိုယ်ကို တည်ဆောက်လျက်၊ သန့်ယှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ဆုတောင်းကြလော့။ 21 ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၌ မိမိကိုယ်ကို စောင့်ထိန်း၍ ထာဝရအသက်ကို ပီးတော်မူမည့် ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ကရုဏာတော်ကို စောင့်မျှော်နိန်ကြလော့။