မှားယွင်းသော ဆရာများ
3 ချစ်ခင်ရသော အဆွီရို့၊ ငါရို့နှင့်ဆိုင်သော ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်ရို့ပါးသို့ စာရီးရန် ကြိုးစားခ၏။ သို့ရာတွင် ကိုယ်တော်၏ လူစုအား ဘုရားသခင် အပြီးအပိုင် ပီးအပ်တော်မူသည့် ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ကြရန် သင်ရို့ပါးသို့ ချက်ချင်းပင် စာရီး၍ အားပီးတိုက်တွန်းရန် လိုအပ်လာသည်ဟု ငါ ခံစားရ၏။