41 ထိုသူသည် မိမိအစ်ကို သျှိမုန်အား တွိ့လျှင်တွိ့ချင်း "အကျွန်ရို့သည် မေသျှိယကို တွိ့ပါယာ" ဟု ဆို၏။ (မေသျှိယ၏အနက်ကား "ခရစ်တော်" ဖြစ်သတည်း။) 42 ထို့နောက် သူသည် သျှိမုန်အား ယေသျှုထံသို့ ခေါ်ဆောင်လားလေ၏။
ယေသျှုသည် ထိုသူကို ကြည့်လျက် "သင်သည် ယောဟန်၏သား သျှိမုန်ဖြစ်၏။ သို့ရာတွင် သင့်ကို ‘ကေဖ’ ဟူ၍ ခေါ်လိမ့်မည်" ဟု မိန့်တော်မူ၏။ (ကေဖ၏အနက်ကား ပေတရုနာမည်နှင့်တူသော "ကျောက်" ဟူ၍ ဖြစ်၏)။