ဖိလိပ္ပုနှင့် နာသနေလရို့ကို ယေသျှု ခေါ်တော်မူခြင်း
43 နောက်တစ်နိ့၌ ယေသျှုသည် ဂါလိလဲပြည်သို့ ကြွခြင်းငှာ အလိုဟိ၏။ ဖိလိပ္ပုကို တွိ့လျှင် "ငါ့နောက်သို့ လိုက်လော့" ဟု ထိုသူအား မိန့်တော်မူ၏။ ( 44 ဖိလိပ္ပုသည် ဗက်ဇဲဒမြို့သား ဖြစ်၏။ ထိုမြို့သည် အန္ဒြေနှင့် ပေတရုရို့ နီထိုင်ရာမြို့ ဖြစ်သတည်း။) 45 ဖိလိပ္ပုသည်လည်း နာသနေလအား တွိ့လျှင် "မောသျှေ၏ ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများတွင် ရီးသားဖော်ပြထားသူကို အကျွန်ရို့ တွိ့ရယာ။ ထိုသူသည် နာဇရက်မြို့မှ ယောသပ်၏သား ယေသျှုဖြစ်၏" ဟု ဆို၏။