5 သောမက ကိုယ်တော့်ကို "အသျှင်၊ အသျှင်ဇာအရပ်သို့ လားမည်ဆိုသည်ကို အကျွန်ရို့ မသိသည်ဖြစ်၍ ထိုလမ်းခရီးကို အကျွန်ရို့ ဇာသို့ သိနိုင်ပါမည်နည်း" ဟု လျှောက်၏။
6 ယေသျှုကလည်း၊ "ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။