မှန်သောစပျစ်နွယ်
1 "ငါသည် မှန်သောစပျစ်နွယ်ပင် ဖြစ်၏။ ငါ၏ခမည်းတော်သည် ဥယျာဉ်မှူးဖြစ်၏။ 2 သူသည် ငါ၌ အသီးမသီးသော အကိုင်းအခက်ဟူသမျှကို ဖြတ်ထုတ်ပစ်၏။ အသီးသီးသော အကိုင်းအခက်တိကို သာ၍ သီးစီခြင်းငှာ သုတ်သင်ယှင်းလင်းလိမ့်မည်။ 3 ငါသည် သင်ရို့ကို ငါ၏ နှုတ်ကပတ်တော်ဖြင့် သန့်ယှင်းထားပြီးဖြစ်၏။ 4 ငါသည် သင်ရို့၌ တည်သကဲ့သို့ သင်ရို့သည်လည်း ငါ၌ တည်ကြလော့။ မည်သည့်အခက်မျှ ကိုယ့်အလိုအလျှောက် အသီးမသီးနိုင်။ စပျစ်ပင်၌ တည်မှသာလျှင် အသီးသီးနိုင်၏။ ထိုကဲ့သို့ပင် သင်ရို့သည်လည်း ငါနှင့် ကွာလျှင် အသီးမသီးနိုင်ကြပေ။
5 "ငါသည် စပျစ်ပင် ဖြစ်၏။ သင်ရို့သည်ကား အကိုင်းအခက်တိ ဖြစ်ကြ၏။ သင်ရို့သည် ငါ၌ တည်၍ ငါသည် သင်ရို့၌ တည်လျှင် များစွာသော အသီးကို သီးကြလိမ့်မည်။ သင်ရို့သည် ငါနှင့်ကွာလျှင် ဇာတစ်ခုကိုမျှ မလုပ်နိုင်ကြပေ။