7 ငါအမှန် ဆိုသည်ကား ငါ ထွက်ခွါလားခြင်းသည် သင်ရို့အတွက် သာ၍ ကောင်းပေ၏။ ငါ မလားလျှင် သင်ရို့ကို ကူညီမစမည့်အသျှင်သည် ရောက်လာလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ငါ လားမှသာလျှင် ကူညီမစမည့်အသျှင်ကို သင်ရို့ပါးသို့ ငါ စီရွှတ်လိမ့်မည်။ 8 ထိုအသျှင် ရောက်လာသောအခါ အပြစ်တရားကို ပြုလျက် ဟိနိန်ကြကြောင်းကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းအကြောင်းကိုလည်းကောင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းအကြောင်းကိုလည်းကောင်း ထိုလောကီသားတိကို ဖော်ပြလိမ့်မည်။ 9 သူရို့သည် ငါ့ကို မယုံကြည်ကြသောကြောင့် အပြစ်နှင့်ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။ 10 ငါသည် ခမည်းတော်ထံသို့ လားမည်ဖြစ်၍ သင်ရို့သည် ငါ့ကို မမြင်ရသောကြောင့် ဖြောင့်မတ်ခြင်းတရားကို ဖော်ပြမည်။ 11 ဤလောကကို အုပ်စိုးသောသူသည် တရားစီရင်ခြင်းကို ခံရသောကြောင့် သူရို့သည် တရားစီရင်ခြင်းအကြောင်းနှင့် ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။