3 ယေသျှုကလည်း "ငါအမှန်ဆိုသည်ကား၊ တဖန်၃.၃ တဖန်၊ သို့မဟုတ် အထက်မှ။ မွီးဖွားခြင်းကို မခံသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ" ဟု မိန့်တော်မူ၏။
4 နိကောဒင်ကလည်း "အသက်ကြီးသော သူသည် တဖန် မွီးဖွားခြင်းကို ဇာပိုင် ခံရမည်နည်း။ မိခင်ဝမ်းထဲသို့ တဖန် ဝင်ပြီးလျှင် ဒုတိယအကြိမ် မွီးဖွား၍ မရနိုင်သည်မှာ သေချာပါ၏" ဟု ဆို၏။
5 ယေသျှုကလည်း "သင်ရို့အား ငါအမှန် ဆိုသည်ကား၊ ရီ၌ လည်းကောင်း၊ ဝိညာဉ်တော်၌ လည်းကောင်း မွီးဖွားခြင်းကို မခံသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရ။ 6 အသွီးအသားအားဖြင့် မွီးဖွားသောသူသည် အသွီးအသားနှင့် ဆိုင်၏။ ဝိညာဉ်တော်အားဖြင့် မွီးဖွားသောသူသည် ဝိညာဉ်နှင့်သာ ဆိုင်၏။ 7 လူတိုင်း တဖန်၃.၇ တဖန်၊ သို့မဟုတ် အထက်မှ။ မွီးဖွားခြင်းကို ခံရမည်ဟု ငါ ပြောသည်ကို မအံ့ဩကေ့။ 8 လီသည် မိမိ တိုက်လိုရာသို့ တိုက်တတ်၏။ လီ၏အသံကို ကြားရသော်လည်း ဇာအရပ်မှ တိုက်လာသည်ကိုလည်းကောင်း၊ ဇာအရပ်သို့ တိုက်လိမ့်မည်ကိုလည်းကောင်း မသိနိုင်။ ဝိညာဉ်တော်အားဖြင့် မွီးဖွားသောသူသည်လည်း ဤကဲ့သို့ ဖြစ်၏" ဟု မိန့်တော်မူ၏။