19 တပည့်တော်ရို့သည် သုံး၊ လေးမိုင်ခန့် လှော်ခတ်ပြီးသောအခါ ယေသျှုသည် ရီထက်တွင် စက်တော်ဖြန့်၍ လောင်းအနားသို့ ကြွလာသည်ကို မြင်ကြသောကြောင့် သူရို့သည် ကြောက်လန့်ကြ၏။ 20 ထိုအခါ ယေသျှုက "မကြောက်ကတ်ကေ့၊ ငါပင်ဖြစ်၏" ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။ 21 ထိုအခါ သူရို့သည် ဝမ်းမြောက်စွာဖြင့် ကိုယ်တော့်ကို လောင်းထက်သို့ တက်စီကြပြီးနောက် တစ်ခဏချင်းတွင် လောင်းသည် မိမိရို့ ခရီးဦးတည်ရာ ကမ်းခြီသို့ ရောက်လေ၏။