4 ယေသျှုအား၊ "ဆရာ၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုနိန်စဉ် ငါရို့ တွိ့၍ ဖမ်းလာခ၏။ 5 မောသျှေစီရင်သော ငါရို့၏ ပညတ်တရား၌ ထိုသို့သော မိန်းမတိကို ကျောက်ခဲနှင့် ပစ်သတ်ရမည်ဟု အကျွန်ရို့အား ပညတ်ခပါ၏။ ကိုယ်တော်က အဂု မည်သို့ မိန့်တော်မူပါမည်နည်း" ဟု လျှောက်ကြ၏။ 6 သူရို့သည် ယေသျှုကို ပြစ်တင်စွပ်စွဲနိုင်ရန် ဤသို့ အကွက်ဆင်၍ မိန်းကြခြင်းဖြစ်၏။
သို့သော်လည်း ကိုယ်တော်သည် ငုံ့၍ မြီကြီးထက်တွင် လက်ညှိုးတော်ဖြင့် ရီးခြစ်လျက် နိန်တော်မူ၏။
7 ထိုသူရို့သည် ထပ်ကာထပ်ကာ မိန်းလျှောက်ကြသောအခါ ကိုယ်တော်က မော့ကြည့်တော်မူလျက် "သင်ရို့အထဲက အပြစ်ကင်းသူသည် အယင်ဆုံး ဤမိန်းမကို ကျောက်ခဲနှင့် ပစ်ပါ" ဟု မိန့်တော်မူ၏။ 8 ထို့နောက် တဖန် ငုံ့၍ မြီကြီးတွင် ရီးခြစ်လျက် နိန်တော်မူ၏။
9 ထိုသူရို့သည် မိန့်တော်မူချက်ကို ကြားလျှင် အသက်ကြီးသောသူမှစ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်လားကြ၏။ ယေသျှုသည် တစ်ယောက်တည်း ကျန်ခတော်မူ၍၊ မိန်းမသည် ရပ်နိန်သိမ့်၏။ 10 ယေသျှုသည် မော်၍ ကြည့်တော်မူသောအခါ၊ "သူရို့ကား ဇာမာလဲ၊ သင့်ကို အပြစ်စီရင်မည့်သူ တစ်ယောက်လည်း မဟိကြသလော" ဟု သူမအား မိန်းတော်မူ၏။
11 ထိုမိန်းမကလည်း "တစ်ယောက်လည်း မဟိယာ၊ ဆရာ" ဟု လျှောက်လေ၏။
ယေသျှုက "ငါလည်း သင့်ကို အပြစ်မစီရင်၊ ပြန်လားလီ၊ နောက်တစ်ခါ အပြစ်မလုပ်လီကေ့" ဟု မိန့်တော်မူ၏။]၈.၁၁ များစွာသော မူရင်းကျမ်းများနှင့် ရှီးဦးစွာသော ဘာသာပြန်ခြင်းများတွင် စာပိုဒ် (၇.၅၃—၈.၁–၁၁) ကို မတွိ့ရပေ။ တခြားသူတိက ယော ၂၁.၂၄ နောက်တွင်ဟိသည်။ တခြားသူတိက လု ၂၁.၃၈ နောက်တွင်ဟိသည်။ မူရင်းကျမ်းတစ်စောင်တွင် ယော ၇.၃၆ နောက်တွင်ဟိသည်။