ယေသျှု မွီးဖွားတော်မူမည့်အကြောင်း ဟောကြားချက်
26 ဧလိဇဗက်၏ကိုယ်ဝန် ခြောက်လသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန် ဂါဗြေလအား ဂါလိလဲပြည်၊ နာဇရက်မြို့သို့ ရွှတ်လိုက်တော်မူ၏။ 27 ၁.၂၇ မ ၁.၁၈ထိုကောင်းကင်တမန်၏ သတင်းစကားသည် ဒါဝိဒ်အမျိုးဖြစ်သော ယောသပ်နှင့် စိ့စပ်ထားသူ သတို့သမီးကညာအဖို့ ဖြစ်၏။ သူမ၏နာမည်မှာ မာရိဖြစ်၏။ 28 ကောင်းကင်တမန်က သူမပါးသို့ လာပြီးလျှင် "သင်သည် ကြီးစွာသောမင်္ဂလာကို ခံစားရသူဖြစ်၏။ သင်၌ ငြိမ်သက်ခြင်း ဟိပါစီ။ သခင်ဘုရားသည် သင်နှင့်အတူ ဟိ၏" ဟု ဆို၏။