ဗတ္တိဇံယောဟန် မွီးဖွားမည့်အကြောင်း ပြောကြားချက်
5 ယုဒ၁.၅ ယုဒ၊ ပါလတိန (ပါလက်စတိုင်း) နယ်ပယ် တစ်ခုလုံး။သျှင်ဘုရင် ဟေရုဒ်လက်ထက်၌ ဇာခရိဟု နာမည်ဟိသော ယဇ်ပုရောဟိတ်တစ်ပါးဟိ၏။ ထိုသူသည် အဘိယယဇ်ပုရောဟိတ်အဖွဲ့ဝင်ဖြစ်ပြီး သူ၏မယားက ဧလိဇဗက်ဟု နာမည်ဟိ၏။ ဧလိဇဗက်ကလည်း ယဇ်ပရောဟိတ်အာရုန် အနွယ်ဝင်ဖြစ်၏။ 6 ထိုသူနှစ်ဦးမှာ ဘုရားသခင်၏ ရှိ့တော်မှောက်တွင် သူတော်ကောင်းဖြစ်ပြီးလျှင် သခင်ဘုရား၏ ပညတ်တော်ဟိသမျှနှင့် မိန့်တော်မူချက်အားလုံးကို လိုက်နာကြ၏။