ကောင်းသော ယှာမာရိ ပုံဥပမာ
25 ၁၀.၂၅–၂၈ မ ၂၂.၃၅–၄၀; မာ ၁၂.၂၈–၃၄ ကျမ်းတတ်ဆရာတစ်ယောက်သည် ရောက်လာပြီးလျှင် ယေသျှုကို စုံစမ်းခြင်းငှာ ကြိုးစားလေ၏။ သူက "ဆရာ၊ ထာဝရအသက်ကို ရရန်အတွက် အကျွန် ဇာလုပ်ရပါဖို့လဲ" ဟု မိန်း၏။
26 ယေသျှုက "မောသျှေ၏ ပညတ္တိကျမ်း၌ ဇာပိုင် ဖော်ပြထားသလဲ၊ သင်သည် ထိုကျမ်းစာတိကို ဇာပိုင် အဓိပ္ပာယ်ကောက်ယူလဲ" ဟု သူ့အား မိန့်တော်မူ၏။
27 ထိုသူက "‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်ဟိသမျှ၊ အစွမ်းသတ္တိဟိသမျှ၊ ဉာဏ်ဟိသမျှနှင့် ချစ်လော့၊’ ပြီးလျှင် ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ " ဟု လျှောက်၏။
28 ယေသျှုကလည်း "သင်၏ အဖြေမှန်၏။ ထိုသို့ပြုလျှင် သင်သည် အသက်ရှင်လိမ့်မည်" ဟု ပြန်ပြောတော်မူ၏။