39 သူမ၌ မာရိဟုခေါ်သော ညီမတစ်ယောက်ဟိ၏။ သူမသည် ယေသျှု၏ ခြီတော်ရင်းတွင်ထိုင်ပြီး ကိုယ်တော်၏ တရားစကားကို နားထောင်လျက်နိန်၏။ 40 မာသမူကား အာဂန္တုဝတ်ဖြင့် ပျာယာခတ်နိန်၍ ကိုယ်တော်ထံသို့ ချဉ်းကပ်ပြီးလျှင်၊ "သူမသည် အကျွန့်ကို တစ်ယောက်တည်း အလုပ်လုပ်ခြင်းငှာ ချန်ထားခသည်ကို အသျှင်က လစ်လျူယှုနိန်သလား၊ အကျွန့်ကို ကူညီပီးဖို့ သူမကို ပြောပီးတော်မူပါ" ဟု လျှောက်လေ၏။
Publicidade