ကြောက်သင့်သူ
4 "ငါ့အဆွီရို့၊ သင်ရို့ကို ငါဆိုသည်ကား ကိုယ်ခန္ဓာကို သတ်ခြင်းမှတစ်ပါး အခြားတစ်ခုကိုမျှ အန္တရာယ်မပြုနိုင်သူတိကို မကြောက်ကတ်ကေ့။ 5 သင်ရို့ ကြောက်သင့်သောသူကို ငါဖော်ပြမည်။ ကိုယ်ခန္ဓာကိုသတ်ပြီး သင်ရို့ကို ငရဲ၌ ချပစ်နိုင်သော တန်ခိုးဟိသည့် ဘုရားသခင်ကို ကြောက်ကြလော့။ မှန်ပါ၏၊ ထိုအသျှင်ကို ကြောက်ရမည်ဟု သင်ရို့အား ငါဆို၏။"