12 ယေသျှုသည် သူမကို မြင်သောအခါ အထံတော်သို့ ခေါ်တော်မူလျက်၊ "အချင်းမိန်းမ၊ သင်၏ရောဂါမှ လွတ်မြောက်ဗျာယ်" ဟု မိန့်တော်မူ၏။ 13 ကိုယ်တော်သည် သူမ၏အထက်၌ လက်ကို တင်တော်မူသဖြင့် သူမသည် ချက်ချင်းပင် ခါးဆန့်လားပြီး ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
14 ထိုသို့ ဥပုသ်နိ့၌ ယေသျှုသည် အနာရောဂါကို ပျောက်ကင်းစီတော်မူ၍ တရားဇရပ်မှူးသည် စိတ်ဆိုးသဖြင့် "အလုပ်လုပ်ရသောရက် ခြောက်ရက်ဟိ၏။ ထိုနိ့တိ၌ လာပြီး ရောဂါပျောက်ကင်းခြင်း ကျေးဇူးကို ခံယူကတ်ပါ။ ဥပုသ်နိ့၌ကား မလုပ်ကတ်ပါကေ့" ဟု လူတိအား ဆို၏။
15 သခင်ဘုရားက၊ "သူတော်ကောင်းယောင်ဆောင်သောသူတိ၊ သင်ရို့သည် ဥပုသ်နိ့၌ သင်ရို့၏ နွားတိ၊ မြည်းတိကို တင်းကုတ်က ကြိုးကို ဖြီပြီးလျှင် ရီတိုက်ဖို့ ခေါ်ယူလားကြသည် မဟုတ်လော။ 16 အဂုတွင် အာဗြဟံ၏သမီးဖြစ်သည့် ဤမိန်းမသည် တစ်ဆယ့်သျှစ်နှစ်ပတ်လုံး စာတန်၏တုပ်နှောင်ခြင်းကို ခံနိန်ရ၏။ သူမကို ဥပုသ်နိ့၌ ထိုတုပ်နှောင်ခြင်းမှ မလွှတ်အပ်သလော" ဟု မိန့်တော်မူ၏။