ယေသျှုက လူနာတစ်ဦးကို ကျန်းမာစီခြင်း
1 ဥပုသ်နိ့တစ်နိ့၌ ယေသျှုသည် အစားအစာ သုံးဆောင်တော်မူရန် ဖာရိယှဲ အကြီးအကဲတစ်ဦး၏ အိမ်သို့ ဝင်တော်မူ၏။ ထိုအခါ လူအပေါင်းရို့သည် ယေသျှုကို အနီးကပ် စောင့်ကြည့်နိန်ကြ၏။ 2 လက်နှင့်ခြီတွင် ရီဖျဉ်းနာ စွဲနိန်သူတစ်ယောက်သည် ယေသျှု၏ရှိ့တော်၌ ဟိ၏။ 3 ထိုအခါ ယေသျှုကလည်း "ဥပုသ်နိ့၌ အနာပျောက်ကင်းခြင်းသည် တရားတော်နန့် ညီသလော၊ မညီသလော" ဟု ကျမ်းတတ်ဆရာရို့နှင့် ဖာရိယှဲရို့ကို မိန်းတော်မူ၏။
4 သို့သော်လည်း သူရို့သည် တိတ်တိတ်နိန်ကြ၏။ ယေသျှုက လူနာကိုခေါ်လျက် ရောဂါကို ပျောက်စီပြီးလျှင် သူအား ပြန်လားစီတော်မူ၏။