ပျောက်သောသား
11 ယေသျှုက "လူတစ်ယောက်မှာ သားနှစ်ယောက် ဟိ၏။ 12 သားငယ်က မိမိ၏ဖခင်အား ‘အဘာ၊ အကျွန်၏ အမွီရပိုင်ခွင့်ကို ခွဲဝီပီးပါ’ ဟု ဆို၏။ ထို့ကြောင့် ဖခင်က မိမိ၏ဥစ္စာကို သားနှစ်ယောက်အား ခွဲဝီပီးလိုက်၏။ 13 ထို့နောက် ရက်အနည်းချေ ကြာသောအခါ သားငယ်သည် မိမိဥစ္စာပစ္စည်းအားလုံးကို ရောင်းချပြီးလျှင် ရသောဖဲသာတိကို ယူ၍ ဝီးသောတိုင်းပြည်သို့ ထွက်လားလေ၏။ သူသည် ထိုပြည်တွင် အပျော်အပါးလိုက်စားကာ ဖဲသာတိကို ဖြုန်းတီးပစ်၏။ 14 ဟိသမျှဖဲသာ ကုန်လားသောအခါ ထိုတိုင်းပြည်တစ်ပြည်လုံး၌ အလွန်အစာခေါင်းပါးခြင်း ဖြစ်သဖြင့် သူလည်း ငတ်ပြတ်လေ၏။ 15 ထိုအခါ သူသည် ထိုပြည်သားတစ်ယောက်ပါးသို့ လား၍ အငှားခံလေ၏။ အလုပ်သျှင်က သူ့အား မိမိ၏လယ်ထဲသို့ ဝက်စာပီးရန် ရွှတ်လိုက်၏။ 16 သူသည် ဝက်တိစားနိန်သော ပဲတောင့်ကိုပင် စားချင်လောက်အောင် ငတ်မွတ်သော်လည်း ဇာသူမှလည်း သူအား အစာကို မကျွေးကြ။ 17 ထိုအခါ သူသည် အမြင်မှန်ရပြီးလျှင်၊ ‘ငါ့အဖ၏ အငှားသားတိတောင်မှ အစာကို ဝမ်းဝအောင် စားကြရ၏။ ငါမူကား ဤနီရာ၌ သီလောက်အောင် ငတ်မွတ်နိန်ယာ။ 18 ငါသည် ဤအရပ်မှ ထွက်ခွါ၍ ငါ့အဖပါးသို့ ပြန်လားပြီးလျှင်၊ အဘာ၊ အကျွန်သည် ဘုရားသခင်ကိုလည်းကောင်း အဖကိုလည်းကောင်း ဆန့်ကျင်၍ ပြစ်မှားမိပါဗျာယ်။ 19 အကျွန်သည်ကား အဖ၏သားဟူ၍ ခေါ်ခြင်းငှာ မထိုက်တန်ယာ၊ အဖ၏အငှားသားတစ်ယောက်ကဲ့သို့ အကျွန့်ကို မှတ်တော်မူပါ’ ဟု ပြောမည့်အကြံဖြင့်၊ 20 သူသည် ထ၍ မိမိ၏အဖပါးသို့ ပြန်လားလေ၏။
"သို့ရာတွင် သူ၏ဖခင်သည် အဝီးကပင် သူ့ကို မြင်လျှင် အလွန်သနားသော စိတ်ဖြင့် မိမိသားပါးသို့ ဗြီးလားပြီးလျှင် သားကို ဖက်၍ နမ်းလေ၏။ 21 သားဖြစ်သူက ‘ဘာဘာ၊ အကျွန်သည် ဘုရားသခင်ကိုလည်းကောင်း အဘာကိုလည်းကောင်း ဆန့်ကျင်၍ ပြစ်မှားမိပါဗျာယ်၊ အဘာ၏သားဟူ၍ ခေါ်ခြင်းငှာ မထိုက်တန်ယာ’ ဟု ဖခင်အား ပြော၏။ 22 သို့ရာတွင် ဖခင်က မိမိ၏အခိုင်းအစီတိအား ‘အယင်လာကတ်၊ အကောင်းဆုံးဝတ်ရုံကို ယူလာပြီးလျှင် သူ့အား ဝတ်ပီးကတ်။ သူ့လက်၌ လက်စွပ်ကို ဝတ်ပီးပြီးလျှင် သူ့ခြီထောက်မှာ ဖိနပ်ကိုလည်း စီးပီးကတ်။ 23 ပြီးလျှင် ဆူဖြိုးအောင် ကျွေးထားသော နွားပေါက်ချေကို သတ်ပြီးလျှင် ငါရို့တိ ပျော်ပွဲစားကြကုန်အံ့။ 24 အကြောင်းမူကား ငါ၏သားသည် သီကျလားပြီး တဖန်ပြန်၍ အသက်ရှင်လာ၏။ ပျောက်ဆုံးလားခပြီး ပြန်တွိ့ရ၏’ ဟု ဆိုလေ၏။ ထို့နောက် သူရို့သည် ပျော်ပွဲစားကြလေ၏။
25 "ယင်းအချိန်၌ သားကြီးဖြစ်သူသည် လယ်ထဲ၌ ရောက်နိန်၏။ သူသည် ပြန်လာ၍ အိမ်နားသို့ ရောက်သောအခါ တီးမှုတ် ကခုန်သံကို ကြားရ၏။ 26 ထို့ကြောင့် သူသည် အခိုင်းအစီတစ်ယောက်ကို ခေါ်ပြီး ‘ဇာတိ လုပ်နိန်ကတ်လဲ’ ဟု သူ့အား မိန်း၏။ 27 ‘သခင်၏ညီသည် အိမ်ကို ပြန်ရောက်လာဗျာယ်၊ သို့ဖြစ်၍ သခင်၏အဖသည် ဘေးမသီ ရန်မခ မိမိသားကို ပြန်ရသောကြောင့် ဝအောင် ကျွေးထားသော နွားပေါက်ချေကို ပေါ်လိုက်ပါ၏’ ဟု အခိုင်းအစီက ပြန်ပြော၏။ 28 သားကြီးသည် စိတ်ဆိုး၍ အိမ်ထဲသို့ မဝင်ဘဲနိန်၏။ ထို့ကြောင့် သူ၏ဖခင်သည် အပြင်ကို ထွက်လာပြီးလျှင် သားဖြစ်သူကို အိမ်ထဲသို့ဝင်ရန် ဖျောင်းဖျလေ၏။ 29 သို့သော်လည်း သားကြီးက ‘စဉ်းစားကြည့်ပါ၊ အကျွန်သည် နှစ်ပေါင်းများစွာ အဖကို အလုပ်အကျွေးပြုလျက် အဖ၏ စီခိုင်းချက်များကိုလည်း တစ်ခါချေတောင်မှ မလွန်ဆန်ခပါ။ သို့သော်လည်း အဖသည် အကျွန်၏သူငယ်ချင်းတိနှင့်အတူ ပျော်ပွဲစားခြင်းငှာ ဆိတ်တစ်ကောင်တောင် အကျွန့်အတွက် မပီးဖူးပါကား။ 30 သို့ရာတွင် အဖ၏ဥစ္စာတိကို မိန်းမပျက်တိနှင့် ပျော်ပါးကာ ဖြုန်းတီးပစ်ခသော အဖ၏သား အိမ်သို့ ပြန်လာသောအခါ အဖသည် သူ့အတွက် ဝအောင် ကျွေးထားသော နွားပေါက်ချေကို ပေါ်ပီးပါသည်တကား’ ဟု ဆို၏။ 31 အဖက ‘ငါ့သား၊ သင်သည် ငါနန့်အတူ အမြဲနီ၏။ ငါမှာ ဟိသမျှသောအရာသည် သင်၏ဥစ္စ္စာဖြစ်၏။ 32 သို့ရာတွင် ငါရို့မှာ ပျော်ပွဲစား၍ ဝမ်းသာစရာအကြောင်း ဟိ၏၊ အကြောင်းမူကား သင်၏ညီသည် သီကျလားခပြီးလျှင် အသက်ပြန်ရှင်လာ၏။ ပျောက်ဆုံးလားခပြီးလျှင် ပြန်တွိ့ရ၏၊’" ဟူ၍ မိန့်တော်မူ၏။